Demon Slayer: Kimetsu no Yaiba

(တန်ဂျီရို ကာမာ့ဒို့) Tanjiro Kamado ဆိုတဲ့ လူငယ်လေးဟာ ရိုးသားပြီး ကြင်နာသနားစိတ်ရှိတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။

သူ့ရဲ့ ဖခင်မရှိတော့ဘူးဆိုပေမယ့် သူဟာ သူ့ရဲ့ မိသားစုနဲ့အတူ တောင်ပေါ်ကအိမ်လေးမှာ နေထိုင်ကြပါတယ်။
သူကိုယ်တိုင်ကတော့ တောင်အောက်က ရွာတွေကို မီးသွေးဆင်းရောင်းပြီး မိသားစုဝမ်းစာအတွက် ကြိုးစားရှာဖွေနေသူတစ်ယောက်ဖြစ်ပါတယ်။

သူနဲ့သူ့မိသားစုရဲ့နွေးထွေးငြိမ်းချမ်းတဲ့ဘဝက တစ်နေ့သောအခါမှာ အရာရာပြောင်းလဲဖို့အကြောင်းဖန်လာပါတော့တယ်။

တနေ့ တောင်အောက်က ရွာကို မီးသွေးသွားရောင်းပြီး ပြန်အလာအိမ်အရောက်မှာတော့ သူ့မိသားစုတွေဟာ မိစ္ဆာရဲ့တိုက်ခိုက်သတ်ဖြတ်မှုကြောင့် သေဆုံးနေတာကို မြင်တွေ့ရပါတော့တယ်။

တစ်မိသားစုလုံး အသတ်ခံခဲ့ရပြီး သူ့ရဲ့ညီမလေး (နဲဇုကို) Nezuko တယောက်သာ အသက်ရှင်လွတ်မြောက်သလိုဖြစ်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ ညီမဖြစ်သူဟာ မိစ္ဆာတကောင် အဖြစ်ပြောင်းလဲခဲ့ပြီး နေရောင်ခြည်နဲ့ ထိတွေ့လို့မရတဲ့ ကောင်မလေးတယောက်ဖြစ်လာခဲ့ပါတယ်။

မိစ္ဆာအဖြစ်ပြောင်းလဲသွားပေမဲ့ ညီမဖြစ်သူမှာ လူတစ်ယောက်ရဲ့ ခံစားချက်တွေ အတွေးတွေရှိနေသေးတဲ့အတွက် လူအဖြစ်ပြန်ပြောင်းနိုင်ဖို့နဲ့ မိသားစုအတွက် လက်စားချေနိုင်ဖို့ (တန်ဂျီရို) Tanjiro ဟာဘယ်လို စိန်ခေါ်မှုတွေ စွန့်စားခန်းတွေ နဲ့ရင်ဆိုင်ရမလဲ ဆိုတာကို စိတ်ဝင်စားဖွယ်ဖတ်ရှုရမှာပဲဖြစ်ပါတယ်။

Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *

*

Facebook